မြန်မာနိုင်ငံ
၂၀၁၆ ခုနှစ် မတ်လတွင် တာဝန်စထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံ၏အရပ်သားအစိုးရသည် သိသာ ထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လိမ့်မည်ဆိုသည့် မျှော်လင့်ချက်များကို မဖြည့်ဆည်း ပေးနိုင်ခဲ့ပါ။ အစိုးရကိုဖြစ်စေ၊ တပ်မတော်ကိုဖြစ်စေ ဝေဖန်သည့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး တရားစွဲဆိုအပြစ်ပေးသည့် ဖိနှိပ်သည့်ဥပဒေများကို အာဏာပိုင်များက ဆက်လက်အသုံးပြုနေကြဆဲ ဖြစ်သည်။ အဓိကကျသည့် ဝန်ကြီးဌာနများကို ထိန်းချုပ်ထားပြီး အရပ်သားတို့၏ကြီးကြပ်မှုကို မခံရဘဲ လွတ်လပ်စွာဆောင်ရွက်နိုင်သည့် တပ်မတော်သည် နိုင်ငံအတွင်း အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်နေပါသေးသည်။ ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် တပ်မတော်သည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်များအပေါ် ရက်ရက်စက်စက် ဖြိုခွင်းခဲ့ရာတွင် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အနှံ့အပြား မီးရှို့ဖျက်ဆီးခြင်းများကိုလည်း ကျူးလွန်ခဲ့သည်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား မပြီးဆုံးသေးသော တိုက်ခိုက်မှုများမှာလည်း ရှမ်းနှင့်ကချင်ပြည်နယ်တို့၌ ပိုမိုပြင်းထန်လာပြီး လူပေါင်းများစွာ အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးခဲ့ကြရသည်။
- Women's Rights
- Explosive Weapons in Civilian Areas
- Education