Menu

စိုက်ပျိုးမြေ မရှိသူများအတွက် မြေယာ ဝေခြမ်းပေးရေး အစိုးရ စီစဉ်နေ

...

စိုက်ပျိုးမြေ မရှိသူများအတွက် မြေယာ ဝေခြမ်းပေးရေး အစိုးရ စီစဉ်နေ

The Irrawaddy, 26 Sep 2017

URL: https://burma.irrawaddy.com/news/2017/09/25/143361.html
နိုင်ငံတဝန်းရှိ မြေယာလုပ်ငန်း လုပ်ကိုင်လိုသော စိုက်ပျိုးမြေမရှိသူများအတွက် မြေယာများ ဖန်တီးပေးနိုင်ရေး အစီ အစဉ်တခုကို အစိုးရက ဆောင်ရွက်နေကြောင်း သိရသည်။

နိုင်ငံတကာ အဖွဲ့အစည်း တခုဖြစ်သည့် Lift Fund ၏ အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၉ သန်းဖြင့် စ တင် ဆောင်ရွက် ရန်ရှိကြောင်း စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး
ဒေါက်တာ အောင်သူက ပြောသည်။

ဒေါက်တာ အောင်သူက“ဒေါ်လာ ၄ ဒသမ ၁၉ သန်းက လက်ရှိ ကာလပေါက်ဈေးနဲ့ တွက်မယ်ဆို ရင်တော့ ကျပ် သိန်း ၅၀၀၀၀ ကျော် ရှိမှာပေါ့။ သိန်း ၅၀၀၀၀ ကျော်နဲ့ အလကား ဖော်ထုတ် ပြီး
တော့ လယ်မဲ့ယာမဲ့တွေကို နေရာချထားမယ့် အစီအစဉ်ကို အခု ၁ လ၊ ၂ လ အတွင်းမှာ စဖို့ လုပ်နေပါပြီ။ တိုင်းနဲ့ ပြည်နယ်အလိုက်လည်း အစည်းအဝေးတွေလုပ်နေတယ်”ဟု နေပြည်တော်တွင်
သတင်းထောက်များကို ပြောသည်။

ယခု နိုင်ငံတကာ အကူအညီ Lift Fund နှင့် ဆောင်ရွက်မည့် အစီအစဉ် အောင်မြင်ပါက အစိုးရကိုယ်တိုင် ပါဝင် ဆောင်ရွက်ရန် ရှိကြောင်း၊ အစိုးရသစ်က တိုင်းနှင့်ပြည်နယ်များရှိ မြေလွတ်၊ မြေရိုင်း၊
မြေလပ်များကို လယ်ယာမဲ့ ပြည်သူများသို့ အခမဲ့ပေးချင်၍ ယခု စမ်းသပ် ပရော့ဂျက်ကို စတင်လိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

ထိုသို့ မြေယာများ ဖော်ထုတ်ရေး အတွက် ကူညီမည့် Lift Fund သည် မြန်မာနိုင်ငံတွင် အစားအသောက်နှင့် စားနပ် ရိက္ခာ လုံခြုံမှုရှိစေရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့အတွက် အဓိက ကူညီနေ
သည့် နိုင်ငံတကာ အဖွဲ့အစည်း တခု ဖြစ်သည်။

Lift Fund ၏ အလှူရှင်နိုင်ငံများမှာ အမေရိကန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ သြစတြေးလျ၊ ပြင်သစ်၊ အိုင်ယာလန်၊ နယ်သာ လန်၊ နယူးဇီလန် နှင့် ဆွီဒင်တို့ ပါဝင်ပြီး ကုလသမဂ္ဂ စီမံကိန်း လုပ်ငန်းများ ဆိုင်
ရာရုံး (UNOPS) မှ တဆင့် စီမံခန့်ခွဲ နေခြင်း ဖြစ်ကြောင်း သိရသည်။